javascript programming ကိုခုမှစလေ့လာမယ့်သူတွေရော၊ လေ့လာနေဆဲဖြစ်ပေမယ့် သိပ်ပြီး သေချာမသိသေးသူတွေအတွက်ရောပါ
- ထိထိရောက်ရောက်
- အခြေခံပိုင်ပိုင်
- လွယ်ကူ သက်သာတဲ့ နည်းလမ်းနဲ့
လေ့လာနိုင်အောင်
10X | SWEJ ကနေ စေတနာအပြည့်နဲ့ တည်ဆောက်ပေးထားတာဖြစ်ပါတယ်။
တည်ဆောက်ထားတယ်ဆိုတဲ့ သဘောကတော့ Module တစ်ခုစီမှာ လုံးဝအစကနေ အဆုံးကို တစ်ဆင့်ခြင်း နားလည်စေအောင် theory တစ်ခေါက် လက်တွေ့တစ်ခေါက်, အားလုံးပြီးသွားရင် challenge တွေတစ်ခေါက် waterfall လိုသဘောမျိုးနဲ့ အပေါ်ကနေအောက်ကို ဆက်တိုက် လိုက်ပြီးလုပ်သွားရုံနဲ့ ကျွမ်းကျင်မှု တစ်စုံတစ်ရာကို လက်တွေ့ရရှိလာအောင် အချိန်ပေး ဖန်တီးထားတာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီ notebook တွေက အမြဲ update ပြုလုပ်နေတာဖြစ်လို့ ဘယ်အချိန်က စလေ့လာလေ့ာလ update အမြဲဖြစ်နေမှာပါ။
-
အရင်ဆုံး theory ကိုနားလည်အောင်ဖတ်ပါ,
-
ပြီးရင် အောက်မှာ example ရှင်းပြထားတဲ့ code block ထဲက code တွေကို မိမိ နှစ်သက်ရာ project environment တစ်ခုမှာ (browser console, node js env etc..) ကိုယ်တိုင်ပြန်ရေးကြည့်ပါ။
-
နောက်ပြီးရင် example code တွေလိုက်ရေးလို့နားလည်ပြီဆိုရင် ကိုယ်ပိုင် example problem တစ်ခု တည်ဆောက်ပြီး တစ်ခေါက် အစကနေပြန်ထပ်ရေးပါ။
-
ကိုယ့်အနေနဲ့ အဆင်ပြေလာပြီလို့ ခံစားလာရရင် coding challenge တွေကိုစ try ကြည့်လို့ရပါတယ်
စာတွေ ကြည့်ပြီး နားမလည်ရင် discord server က chat မှာလာမေးလို့ရပါတယ်၊ ပြန်ဖြေကြားပေးဖို့ မနက် ၉ နာရီကနေ ည ၉ နာရီထိ အဆင်သင့်ရှိပါတယ်။ လိုအပ်သလိုလဲ live meeting တွေ arrange လုပ်ပေးတယ်၊ live share extension နဲ့လဲ code တွေဝင် debug လုပ်ပေးပါတယ်,
10X | SWEJ ရဲ့ coding challenge တွေဆိုတာ စိတ်ကူးယဥ် သက်သက် ဖန်တီးထားတဲ့ coding problem တွေမဟုတ်ပါဘူး။ လက်တွေ့ development မှာအမှန်တကယ် တွေ့ကြုံရမယ့် coding related problem set တွေကို ပြန်စုစည်းထားတဲ့ လက်တွေ့ challenge တွေဖြစ်ပါတယ်။ ဆိုတော့ ဒီအရာတွေကို ဖြေရှင်းနိုင်သွားရင် နောင်မှာ အလားတူ problem တွေကြုံလာရရင် အလွယ်တကူ ဖြစ်ရှင်းတက်သွားမှာဖြစ်ပါတယ်။
-
Module တစ်ခုစီအလိုက် သက်ဆိုင်ရာ coding challenge တွေ ရှိပါတယ်၊
-
challenge မေးခွန်း နဲ့ expected output တွေကိုသေချာနားလည်အောင် ဖတ်ပြီး ပေးထားတဲ့ demi data တွေနဲ့ ကိုယ့် ကိုယ်ပိုင် environment ထဲမှာ ရေးသားကြည့်ပြီး အဆင်ပြေတယ်လို့ ထင်ရင်
-
unit test file ထဲမှာ paste ချပြီး ကိုယ့်ရဲ့ code က requirement တွေနဲ့ကိုက်ညီလားဆိုတာကို ဘယ်သူ့အကူညီမှ မလိုပဲ ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။
-
unit test repo မရှိသေးရင် 10X ရဲ့ github account မှာ သွားရောက်ရယူနိုင်ပါတယ်။
10X | SWEJ ရဲ့ project တွေ၊ discussion တွေပါဝင်ရောက်ပြီး လုပ်ကိုင်ပြီး လက်ရှိ လေ့လာထားတဲ့ skill တွေကို လက်တွေ့အသုံးချ နိုင်ပါတယ်။
လစဥ်လဲ screen casts course တွေအမြဲတင်ပေးနေတာကြောင့် ဒီလောက်နဲ့ ရပ်မနေပဲ အမြဲ တိုးတက်နေအောင် discord server မှာဆက်လေ့လာနေနိုင်ပါတယ်။