/Argus

ခွေးဆွဲ အချက်ပေး App

Primary LanguageKotlinGNU General Public License v3.0GPL-3.0

Argus

Argus ဆိုတာ Greek ဒဏ္ဍရီထဲက Argus Panoptes ရဲ့ အရာပေါင်းစုံကို မြင်ရတဲ့ မျက်လုံးတွေကို ကိုယ်စားပြုထားတဲ့ App လေးပါ။ ဒီ App ကို အသုံးပြုပြီး ကျွန်တော်တို့ ခွေးဆွဲတာကို အသိပေးလို့ရပါတယ်။

App ဒေါင်းရန်

App ကို Play Store ပေါ်လုံးဝလုံးဝ မတင်ထားပါ။ ဒေါင်းချင်ရင် ဒီကနေဒေါင်းပါ

Download Mirror #1

လိုအပ်ချက်တွေက

  • Android Phone က အနည်းဆုံး Lollipop အထက်မှာရှိရပါမယ်။
  • SMS permission ပေးကိုပေးရပါမယ်။

အလုပ်လုပ်ပုံ

Argus က သင့်အတွက် လျှို့ဝှက်ကုဒ်တစ်ခုကို သင့်ဖုန်းနံပါတ်နဲ့တွဲပြီး QR Code ထုတ်ပေးပါမယ်။ သင်ဟာ အသိပေးဖို့ သူများ contact တွေကို ထည့်ပေးရမယ်။ ဒီအတွက် အသိပေးခံရမဲ့သူရဲ့ QR ကို scan ဖတ်ရပါမယ်။ သင်က S.O.S နှိပ်တဲ့အချိန်မှာ App ထဲမှာ သိမ်းထားတဲ့ contact တွေကို သူတို့ရဲ့ သီးသန့်ကုဒ်ကို လှမ်းပို့ပေးလိုက်ပါမယ်။ လက်ခံရရှိတဲ့ ဖုန်းက သီးသန့်ကုဒ်ကို တိုက်စစ်ပြီး မှန်တယ်ဆို သင်အကူအညီခေါ်ထားတာကို ပြပေးပါလိမ့်မယ်။

အသုံးပြုပုံ

Screenshot များပြင်ပြီး ထည့်ပေးဖို့ လုပ်နေပါတယ် TBA

လိုအပ်ချက်များ

Argus က အလျင်စလိုလုပ်လိုက်တာကြောင့် လိုအပ်ချက်တွေရှိပါတယ်။ ဒါတွေကို သင်သိထားသင့်ပါတယ်။

Encode လုပ်တဲ့နည်းကို ပိုအဆင်မြင့်ရမယ်

အခုက အရမ်းလွယ်တဲ့နည်းကို သုံးထားလို့ တစ်ခြားတစ်ယောက်က သင့်ဖုန်းဆီ သီးသန့်ကုဒ်တွေ ထိုင် spam နေလို့ရပါတယ်။ အခုတော့ နည်းနည်းသက်သာအောင် timestamp တော့ ထည့်ထားပေးမဲ့ ဒီ timestamp က လည်း server မလိုတဲ့အတွက်ကြောင့် secure ဖြစ်အောင်လုပ်ရတာ အခက်တွေ့နေပါတယ်။ ကူညီဖြည့်စွက်ပေးနိုင်ပါတယ်။

QR ကို အသစ်ဖန်တီးမရပါ

သင့် ဖုန်နံပါတ်ထည့်ပြီးပြီဆိုတာနဲ့ သင့် လျှို့ဝှက်ကုဒ်က အသေဖြစ်သွားပါပြီ။ ဒီ ကုဒ် ပေါက်ကြားသွားရင် ပြန်ပြင်လို့မရသေးပါ။ အခုပြန်ပြင်ချင်ရင် App Settings ထဲမှာ Clear Cache လုပ်လို့တော့ရပါတယ်။ နောက် Refresh secret feature ထပ်ထည့်ပေးရပါမည်။

Android 10 နှင့်အထက်မှာ တန်းမပွင့်

Android 10 နဲ့အထက်မှာ Activity တွေကို background ကနေဖွင့်ခွင့်မပေးတော့သဖြင့် Alarm ဖွင့်ရန်အခက်အခဲရှိနေပါသည်။ (Source) ကူညီဖြည့်စွက်ပေးနိုင်ပါတယ်။

ထပ်ထည့်ချင်တဲ့အရာများ

  • Nickname နဲ့တွဲသိမ်းဖို့
  • GPS ရရင် တွဲပို့ပေးဖို့
  • False alarm သတ်မှတ်ဖို့
  • Alert ကို ထပ် foward လို့ရအောင်လုပ်ဖို့
  • Alert History ပြန်ကြည့်ဖို့

License

Argus
Copyright (C) 2020 Freedom For Myanmar Github

This program is free software: you can redistribute it and/or modify
it under the terms of the GNU General Public License as published by
the Free Software Foundation, either version 3 of the License, or
(at your option) any later version.

This program is distributed in the hope that it will be useful,
but WITHOUT ANY WARRANTY; without even the implied warranty of
MERCHANTABILITY or FITNESS FOR A PARTICULAR PURPOSE.  See the
GNU General Public License for more details.

You should have received a copy of the GNU General Public License
along with this program.  If not, see <https://www.gnu.org/licenses/>.